အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ)

အဘိဏှသုတ် (ဗုဒ္ဓဓမ္မ ဦးလောကနာထ မှ ကူးယူဖော်ပြပါသည်)

ကံတရားကို အမြဲမပြတ် ဆင်ခြင်ပါ…

''မိမိ၏ ကံသာလျှင် မိမိဥစ္စာ ရှိ၏၊ ကံ၏ အမွေခံ ဖြစ်၏၊ ကံသာလျှင် အကြောင်းရှိ၏၊ ကံသာလျှင် အဆွေအမျိုး ရှိ၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာရှိ၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံသာ ဖြစ်ရပေမည်'' ဟူ၍ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ လူဖြစ်စေ ရဟန်းဖြစ်စေ မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ သတ္တဝါတို့အား ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သည် ရှိ၏၊ ထို(ကံ) အကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မကောင်းမှုသည် အချင်းခပ်သိမ်းမူလည်း ပျောက်ကင်း၏၊ ခေါင်းပါးခြင်းမူလည်း ဖြစ်၏။

''ငါတစ်ယောက်တည်းသာလျှင် ကံသာလျှင် မိမိဥစ္စာရှိသည် ကံ၏ အမွေခံဖြစ်သည် ကံသာလျှင် အကြောင်းရှိသည် ကံသာလျှင် အဆွေအမျိုးရှိသည် ကံသာလျှင် ကိုးကွယ်မှီခိုရာ ရှိသည် ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ငါပြုမိသော ကံ၏ အမွေခံဖြစ်သည် မဟုတ်၊ စင်စစ်မူကား ဤဘုံဘဝသို့ လာခြင်း တစ်ခြားဘုံဘဝသို့ သွားခြင်း စုတေခြင်း ပဋိသန္ဓေ နေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကုန်၏၊ ကံသာလျှင် ကိုးကွယ် မှီခိုရာ ရှိကုန်၏၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပြုမိသော ကံ၏ အမွေခံတို့သာ ဖြစ်ကြလိမ့်မည်'' ဟု ဆင်ခြင်၏။

ထိုကံအကြောင်းကို မပြတ် ဆင်ခြင်သော ထိုသူအား မဂ်သည် ကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထိုအရိယာတပည့်သည် ထိုမဂ်ကို မှီဝဲ၏၊ ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြု၏၊ ထိုမဂ်ကို မှီဝဲသော ပွါးများသော ကြိမ်ဖန်များစွာ ပြုသော ထိုသူအား သံယောဇဉ်တို့သည် အချင်းခပ်သိမ်း ပျောက်ကင်းကုန်၏၊ အစဉ်ကိန်းနေသော 'အနုသယ' တရားတို့သည် ကင်းပြတ်ကုန်၏ ဟု မိန့်တော်မူ၏။

Monday, November 15, 2010

ငယ်ငယ်က (၁)


ကျမတို့ ငယ်ငယ်က ညီအမ (၇) ယောက် အတူတူ မိဘ၊ ဦးလေး ဆွေမျိုးတွေနဲ့  တူတူနေရတော့ အိမ်မှာ ဘယ်လို ဝေစည်နေမယ် ဆိုတာ တွေးကြည့်ကြပါ။ အိမ်ကို ဧည့်သည်လာရင် မိဘတွေက နံပါတ်စဉ်နှင့် မိတ်ဆက်ပေးရတယ်။ ကလေးတွေဆိုတော့ တစ်ယောက်က အပြင်ထွက်လိုက် တစ်ယောက်က အထဲဝင်လိုက်နဲ့  ဧည့်သည်တွေလဲ လူတွေကို မှားလို့  ... ။
ကျမက အငယ်ဆုံးဆိုတော့ နံပါတ် (၁) အမကို ဒေသကောလိပ် သွားတက်တာက စပြီးမှတ်မိတာပါ။ အသက်လဲ ၁၄ နှစ်လောက်ကွာတာဆိုတော့ သူတို့  အပြင်သွားရင် အလှည့်ကျ ကျမကို ခေါ် သွားရတယ်။ မေမေက သူတို့ ကို ကလေးကူထိန်းခိုင်းတာပါ။ :P
သူတို့ တွေက အပျိုပေါက်တွေဆိုတော့ ကာလသားများက ငန်းကျ၊ တီးတိုး တီးတိုးပြောကြရင် ကျမက ဂျစ်ကန်ကန်နှင့် ပြန်ကြည့်တာပါပဲ။ အမတွေကတော့ လာ...လာ ဆိုပြီ ဆွဲခေါ်သွားတာပေါ့။ ခုပြန်တွေးတော့ ရီစရာတွေပါ  အဲဒီကထည်းက လူရည်မလည်ခဲ့တာပါ။
သူငယ်တန်းတက်တော့ အမျိုးမကင်းတဲ့ အမ တစ်ယောက် အကူအညီနှင့် ကျောင်းပို့ ပါတယ်။ အမတွေတုံးကလဲ ဇာတ်လမ်းလေးတွေ တစ်ယောက် တစ်မျိုးစီ ရှိတယ်လို့ တော့ပြောပါတယ်။ ကျမအလှည့် တော့ သူတို့ က အတွေ့ အုကုံများလာလို့ လားမသိပါဘူ ... အဲဒီ အမက ကျောင်းချိန် နေ့ တစ်ဝက်လုံး ကျောင်းမှာ ကျမကို မြင်ရတဲ့နေရာမှာစောင့်ရပါတယ်။ သူအပြင်ခဏသွားရင်၊ အဲအဲ ကိစ်စရှိလို့ သွားခြင်ရင် ကျမကိုလာပြောပြီ သွားလေ့ ရှိပါတယ်။ :D
ခဲတံကျိုးသွားရင် ချွန်ပေးတယ်၊ တစ်ခုခုဖြစ်ရင် ( ငိုရင်၊ ရန်ဖြစ်တယ်ထင်ရင်) လာုကည့်တယ်။ ဆရာမတွေ ကလဲ စာမေးပွဲး ကိစ်စတို့ ၊ အလှူငွေ ကောက်တာတို့  ရှိရင် ကလေးတွေကို စာအုပ်ထဲမှာ လိုက်ရေးခိုင်းပြီ အိမ်က မိဘတွေကို ပြန်ပြခိုင်းလေ့ရှိတယ် (ဆရာမတွေက ကျောက်သင်ပုန်းမှာ ရေးပြထား ပါတယ်)။ အဲဒီအမကိုလဲ မှာလိုက်ပါတယ်။ သူ့ ကို ကျမက မမမွန်လို့ ခေါ်ပါတယ်။ အဲဒီတုံးက သူပြောတဲ့ စကားဆို ကျမနားထောင်ပါတယ်။ သူက ညနေဘက်ကျရင် ကျမကိုလဲ စာသင်ပေးရပါတယ်။ ကလေးဆိုတော့ လက်သာရာချစ်တာပါပဲ။ မေမေကလဲ ကလေး(၇)ယောက်နဲ့  အိမ်မှုကိစ်စတွေနဲ့ ဆိုတော့ ဘယ်လွယ်ပါမလဲလေ။ ခုတော့ သူနဲ့ လဲ မတွေ့ ဖြစ်တာကြာပါပြီ။ နေရာတွေ ကွဲးသွားပြီ။
သူငယ်တန်း တစ်နှစ်ပြီးသွားတော့၊ အမတွေနှင့် ကျောင်းသွားရပါတယ်။ ကျမအထက်ကအမ နံပါတ်(၆)နဲ့ ပါ။ ကျမ တစ်တန်း၊ သူက (၄)တန်းရောက်နေပါပြီ။ နောက်နှစ်ကျတော့ တစ်ယောက်ထဲ သွားရတယ်။ အဲဒီအမက မုန့် စားဆင်းရင် အခန်းရှေ့ မှာလာခေါ်တယ် ဒါမှမဟုတ် ကျောင်းဈေးနားမှာစောင့်ပြီး မုန့်  အတူတူ ဝယ်စားရတယ်။
နေ့ တစ်ဝက်ကျောင်းဆိုတော့ မုန်းစားချိန်ကလဲ ၁၅ မိနစ်ပဲရပါတယ်။ ကလေးအများကြီး ဒီ ၁၅မိနစ်မှာ လုယက် ဝယ်တာ ဘယ်အချိန်လုံလောက်ပါ့မလဲ။ သူငယ်တန်း၊ တစ်တန်းတုံးက ကျောင်းအုပ်ကြီးက ဦးစိန်မောင်တဲ့ အလွန်အေးပါတယ်။ သူလက်ထက်ကဆို ကျမတို့ ကလေးတွေတောင် ရုံးခန်းထဲ ဖြတ်ပြေးကျ၊ ဆော့ကျနဲ့ ပေါ့။ ၂တန်းနှစ်မှာ ကျောင်းအုပ်ဆရာမ အသစ်ပြောင်းလာတယ်။ ကျောင်းတက်ချိန် ၇နာရီခွဲး ဆို ကျောင်းတံခါးပိတ်တယ်။ နောက်ကျရင် ဝင်မရဘူး၊ အပေါက်ကနေလှဲ့ ပြန်။ သူလာပိတ်တုံး ဝင်ရင် ကံကောင်းရင်လွတ်ပေးတယ်၊ သူကနည်းနည်းစောင့်ရရင် တုတ်နဲ့  အရိုက်ခံရတယ်။ ကျမတို့ မှာ ကျောင်းချိန်မှီအောင် ပြေးရတာ မောနေတာပဲ။
အမေက အိပ်ယာကနိုးလွတ်လိုက်ရင် ကိုယ့်ဘာသာ မျက်နှာသစ်၊ သနက်ခါးလိမ်းပြီး အမနှင့် ကျောင်းသွာရပါတယ်။ သူငယ်တန်းကိုတော့ မမှတ်မိတော့ပါဘူး ကိုယ့်ဘာသာလိမ်းလား၊ မေမေလိမ်းပေးတာလား ဆိုတာပေါ့။

1 comment:

ရွှေရတုမှတ်တမ်း said...

သမီးမစော..
ယရစ်ကို ရိုက်ခြင်ရင် shift ကိုနှိပ်ပြီး M ကိုရိုက်ကွဲ့၊ ခုသမီးရိုက်ထားတာ တချောင်းငင် အကြီးဖြစ်နေတယ်၊ ဘကျောက်လဲ စာရိုက်စက အဲလိုပဲ အောက်ကမြင့် ကို မရိုက်တတ်တော့( .... )အဲလို fullstop တွေနဲ့ ရိုက်နေတာ၊ တဖြေးဖြေး စာရေးသက်ကြာလာရင်တော့ သိလာပါလိမ့်မယ်၊ ကိုယ့်လိုင်းလေးနဲ့ ကိုယ်ရေးရင် လူတွေလက်ခံလာပါလိမ့်မယ်၊ အဓိကတော့ ရိုးသားဖို့လိုတယ်..